နိုင်ငံတော်ရဲ့ အရှင်သခင်
recapnaingngatawayashinthin
'ကျန့်ထျန်းသီ' ဟာ ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး ညီမလေးနဲ့အတူ မေမေဖြစ်သူ နောက်ကိုလိုက်ကာ တုန်းဟိုင် (Donghai) မြို့မှာ အလုပ်လုပ်ကိုင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မေမေဖြစ်သူဟာ ယုတ်မာသူတွေရဲ့ မတရား စွပ်စွဲ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပြီး တိုက်ပေါ်ကနေ ခုန်ချ သေဆုံးခဲ့ရပါတယ်။ ထိုလူတွေက သက်သေဖျောက်ဖို့အတွက် ကျန့်ထျန်းသီနဲ့ ညီမလေးကိုပါ သတ်ဖြတ်ဖို့ ကြိုးစားချိန်မှာတော့ ဆန်းကြယ်တဲ့ လူတစ်ယောက် ရောက်ရှိလာပြီး သူ့ကို ကယ်ထုတ်ကာ စစ်တပ်ထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ (၁၀) နှစ်တိုင်တိုင် စစ်မြေပြင်မှာ သွေးချောင်းစီး တိုက်ခိုက်ခဲ့ပြီးနောက် ရဲရင့်လှတဲ့ ကျန့်ထျန်းသီဟာ နယ်စပ်စစ်သည်လေး ဘဝကနေ တိုင်းပြည်ရဲ့ အာဏာတစ်ဝက်ကို ကြိုးကိုင်နိုင်တဲ့ "စစ်နတ်ဘုရားမင်း" (God of War) ဘဝသို့ ရောက်ရှိလာခဲ့ပါတယ်။ သူဟာ သံမဏိ တပ်မတော်ကြီးကို ဦးဆောင်ကာ နိုင်ငံတော်ရဲ့ နယ်နိမိတ်ကို စောင့်ရှောက်ပြီး ကျူးကျော်သူ ရန်သူတွေကို အပြတ်အသတ် ချေမှုန်းကာ အံ့မခန်း စစ်ပွဲအောင်မြင်မှုတွေ ရရှိခဲ့တာပါ... (၁၀) နှစ်ကြာပြီးနောက် မြို့တော်ဆီ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ အမိန့်စာ ရရှိချိန်မှာတော့... အတိတ်က သူ့မိခင်ကို မတရား သတ်ဖြတ်ခဲ့တဲ့ 'ရှန်ကွမ်းနတ်လန်' ဦးဆောင်တဲ့ ချန်းမိသားစု၊ ဆွန်းမိသားစုနဲ့ ရန်သူအပေါင်းကို သူ၏ ခြေထောက်အောက်မှာ ဒူးထောက် တုန်လှုပ်သွားစေဖို့ အပြတ်အသတ် လက်စားချေ သုတ်သင်ပွဲကြီး စတင်လိုက်ပါတော့တယ်... ⚡️ အမိုက်စား စစ်နတ်ဘုရားကြီးရဲ့ ဘဝမှန်ထုတ်ပြပြီး လက်စားချေမယ့် Slap-face Action Drama ကို... ဒီ Video လေးမှာ အဆုံးထိ ကြည့်ရှုလိုက်ကြရအောင်!