recappyaingbetmashisitnatbyar
ပြိုင်ဘက်မရှိ စစ်နတ်ဘုရား
'မို့ချန်းဖုန်း' ဟာ မူလက မြို့တော်ရဲ့ အချမ်းသာဆုံး သူဌေးကြီး 'ကျိန်းယွီဟာဝ်' ရဲ့ မွေးစားသားဖြစ်ပြီး စစ်တပ်ထဲ ဝင်ရောက်ကာ နယ်စပ်စစ်ပွဲပေါင်း မြောက်မြားစွာကို စွမ်းစွမ်းတမတ် တိုက်ခိုက်အောင်ပွဲဆင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ ရဲရင့်ပြိုင်ဘက်မရှိတဲ့ စစ်စွမ်းရည်ကြောင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဘွဲ့တံဆိပ်အပ်နှင်းပြီး "စစ်နတ်ဘုရား" အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရသူပါ။
အတိတ်က အကြောင်းအရာတွေကို ဖုံးကွယ်ပြီး ရိုးရိုးရှင်းရှင်း ပြန်လည်နေထိုင်ရင်း အိမ်ထောင်ဖက်တွေ့ဆုံပွဲ (Blind Date) ကို တက်ရောက်ခဲ့ချိန်မှာတော့... အမှန်တရားကို မသိကြတဲ့သူတွေက မို့ချန်းဖုန်းကို အဆင့်မရှိသူ၊ ဆင်းရဲသားတစ်ယောက်အဖြစ် အထင်သေးကာ အလှည့်ကျ အရှက်ခွဲ စော်ကားခဲ့ကြပါတော့တယ်။
သူတို့ အထင်သေးစွန့်ပစ်လိုက်သူဟာ စစ်တပ်တစ်တပ်လုံးကို ကြိုးကိုင်နိုင်တဲ့ စစ်နတ်ဘုရားကြီးဆိုတာ သိသွားချိန်မှာတော့... မောက်မာလှတဲ့သူတွေ ဘယ်လိုမျိုး ဒူးထောက်နောင်တရသွားကြမလဲဆိုတာ...
မို့ချန်းဖုန်းရဲ့ အမိုက်စား ဘဝမှန်ထုတ်ပြပြီး Slap-face ပညာပေးမယ့် ပွဲကြီးကို ဒီ Video လေးမှာ အဆုံးထိ ကြည့်ရှုလိုက်ကြရအောင်!