recapyaetitboonaethameeyaeseitdhat
ရေတစ်ဘူးနဲ့ သမီးရဲ့စိတ်ဓာတ်
'ဂူချန်ဟဲ' ဟာ သမီးဖြစ်သူ 'ဂူထင်းထင်း' ရဲ့ စားသောက်ဆိုင်လေး အဆင်ပြေအောင်မြင်ဖို့အတွက် သူတစ်သက်လုံး စုဆောင်းထားခဲ့တဲ့ ပင်စင်ငွေတွေအကုန် ထုတ်ပေးခဲ့တဲ့အပြင် (၅) နှစ်တိုင်တိုင် တစ်ပြားမှ မယူဘဲ ပင်ပန်းခံ ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။
တစ်နေ့မှာတော့ ဂူချန်ဟဲဟာ ဆိုင်အတွက် ရေဗူးအလေးတွေကို တစ်ယောက်တည်း မနားတမ်း သယ်ပိုးပေးပြီး မောဟိုက်လွန်းတာကြောင့် ဆိုင်ထဲက ရေတစ်ဘူးကို ယူသောက်လိုက်မိပါတယ်။ ဒါပေမဲ့ ကျေးဇူးမသိတတ်တဲ့ သမက်ဖြစ်သူ 'ဖန်ခိုင်' ကတော့ ယောက္ခမအရင်းကို လူအများရှေ့မှာ ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းပြီး ဒဏ်ငွေ (၁) သောင်းတောင် တောင်းခံခဲ့ပါတော့တယ်။
အခြားတစ်ဖက်မှာတော့ သမက်ရဲ့ မိခင်ဖြစ်သူက ဆိုင်ထဲက တန်ဖိုးကြီး ပစ္စည်းတွေကို စိတ်ကြိုက် ယူငင်သုံးစွဲနေတာကို ဘာမှမပြောဘဲ... သမီးဖြစ်သူကလည်း အဖေအရင်းရဲ့ မတရား ခံရမှုနဲ့ ပင်ပန်းဆင်းရဲမှုတွေကို လျစ်လျူရှုကာ ယောက်ကျားနဲ့ ယောက်ကျားမိသားစုဘက်ကပဲ အကဲပို ဘက်လိုက်နေခဲ့ပါတယ်။
မတရားစော်ကားခံခဲ့ရတဲ့ အဖေကြီးရဲ့ ပေးဆပ်မှုတွေကို ရပ်တန့်လိုက်ပြီး ပြတ်ပြတ်သားသား သင်ခန်းစာ ပြန်လည်ပေးလိုက်တဲ့အခါ...
ကျေးဇူးမသိတတ်တဲ့ သမီးနဲ့ သမက်တို့ရဲ့ နောင်တပွဲကြီးနဲ့ အဖေကြီးရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကို ဒီ Video လေးမှာ အဆုံးထိ ကြည့်ရှုလိုက်ကြရအောင်!