minyaeswemetphwel
မင်းရဲ့ စွဲမက်ဖွယ်
အောက်ခြေဘဝကနေ ကြိုးစားရုန်းကန်ပြီး အောင်မြင်လာခဲ့တဲ့ 'ကျန်းနင်' ဟာ သူမရဲ့ ရည်းစားဖြစ်သူ 'ဂူချန်းယွီ' ရဲ့ သစ္စာဖောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် သစ္စာဖောက် ယောကျာ်းယုတ်ကို ပြတ်ပြတ်သားသား လက်စားချေ ပညာပေးနိုင်ဖို့အတွက် ဂူချန်းယွီရဲ့ ဦးလေးဖြစ်သူ စီးပွားရေးလောကမှာ ဩဇာတိက္ကမ ကြီးမားလှတဲ့ 'ဂူယိကျိုး' ဆီ မရမက ချဉ်းကပ်ခဲ့ပါတော့တယ်။
ကျန်းနင်နဲ့ ဂူယိကျိုးတို့နှစ်ယောက်ဟာ စီးပွားရေး စစ်တုရင်ခုံပေါ်မှာရော အချစ်ရေးမှာပါ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် စိစစ်စမ်းသပ်ရင်းနဲ့ တဖြည်းဖြည်း ရင်ခုန်စွာ နီးစပ်လာခဲ့ကြပါတယ်။ ဒါတင်မကဘဲ နှစ်ယောက်စလုံး ပူးပေါင်းပြီး ကြုံတွေ့ရတဲ့ အန္တရာယ်တွေ၊ ချောက်တွန်းမှုတွေကို အတူတကွ ရင်ဆိုင်ရင်း နောက်ကွယ်က လျှို့ဝှက်ချက်နဲ့ ပူးပေါင်းကြံစည်မှုတွေကိုပါ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
တူဖြစ်သူရဲ့ သစ္စာဖောက်မှုကနေ စတင်ခဲ့တဲ့ လက်စားချေပွဲဟာ တဖြည်းဖြည်း ချိုမြိန်လှတဲ့ အချစ်ဇာတ်လမ်းဆီ ပြောင်းလဲသွားခဲ့ပြီး... အထက်တန်းစား သီးသန့်စုံတွဲအဖြစ် ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ယူကာ မင်္ဂလာပွဲဆီ လှမ်းတက်သွားကြတဲ့အခါ...
ကျန်းနင်တစ်ယောက် ယောကျာ်းယုတ်ကို သူ့ရဲ့ ဦးလေးနဲ့ ပူးပေါင်းပြီး ဘယ်လိုမျိုး အပိုင်ပညာပေးသွားမလဲဆိုတာ ဒီ Video လေးမှာ အဆုံးထိ ကြည့်ရှုလိုက်ကြရအောင်!