ထန်းမင်းဆက်ရဲ့ဆန်းကြယ်မှုများ
htanminsetyaesankyalhmumyar
ဝမ်ညန်း ခရိုင်အရာရှိ 'ဆူဝူမင်း' ဟာ ပဟေဠိဆန်တဲ့ မသင်္ကာသူ 'ဟန်ထန်း' ဖန်တီးထားတဲ့ ကွင်းဆက် ပြန်ပေးဆွဲမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအမှုကို "ကိုးထပ်မျှော်စင် အသွေးအခဲ အမှုဆိုး" လို့ ခေါ်ကြပြီး ပြန်ပေးဆွဲခံရသူ (၃) ယောက်လုံးဟာ ရှေးအမှုဟောင်းတစ်ခုနဲ့ ဆက်စပ်နေကြသူတွေ ဖြစ်ပါတယ်။
ကျောက်စိမ်းကုန်သည် 'ရှဲန်ဝမ်ချန်း'၊ အချဉ်ချက်ရုံက မယားငယ် 'အချူ' နဲ့ သစ်သီးရောင်းတဲ့ အဖိုးအို 'လီဝုန်း' တို့ (၃) ယောက်လုံးဟာ လွန်ခဲ့တဲ့နှစ်တွေက ဟန်စစ်သူကြီးရဲ့ ဇနီးဖြစ်သူ 'လျူရုန်း' ကို ခင်ပွန်းဖြစ်သူအား သတ်ခဲ့တဲ့ တရားခံအဖြစ် မမှန်မကန် သက်သေထွက်ဆိုခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဆူဝူမင်းနဲ့ ထိုစဉ်က မူလတရားသူကြီး 'တူချုန်း' တို့ဟာ မေ့ဆေးတိုက်ခံရပြီး ကိုးထပ်မျှော်စင်အတိုင်း ပုံစံတူ ပြုလုပ်ထားတဲ့ ဆန်းကြယ်လှတဲ့ မြေအောက်နန်းတော်ထဲကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရပါတယ်။ အဲဒီမှာ ဟန်ထန်းနဲ့ သူ့ရဲ့ အမွှာညီအစ်ကိုဖြစ်သူ 'ဟန်တီ' တို့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရပြီး ဆူဝူမင်းဟာ ရက်စက်လှတဲ့ အမှုထောင်ချောက်ထဲ မလွှဲမရှောင်သာ ကျရောက်သွားခဲ့ပါတယ်။
ဆူဝူမင်းဟာ သက်သေတွေရဲ့ ထွက်ဆိုချက်တွေထဲက ဟာကွက်တွေကို တစ်ခုချင်းစီ စုံစမ်းဖော်ထုတ်ကာ အမှန်တရားကို ရှာဖွေခဲ့ပေမဲ့လည်း... ရှုပ်ထွေးလှတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များကြားမှာ သက်သေတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ရပြီး ဆူဝူမင်းကိုယ်တိုင်လည်း ဘဝရဲ့ အခက်ခဲဆုံး သေရေးရှင်ရေး ဆုံးဖြတ်ချက်နဲ့ စိန်ခေါ်မှုကြီးကို ရင်ဆိုင်လာရတဲ့အခါ...
ဆူဝူမင်းတစ်ယောက် မြေအောက်နန်းတော်ထဲကနေ အမှန်တရားကို ဘယ်လို ဖော်ထုတ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်!