kankaungsaytaekalay
ကံကောင်းစေတဲ့ကလေး
ဆုန့်မိသားစုရဲ့ ဒုတိယသမီးလေး 'တိုတို' ဟာ ငယ်စဉ်ကတည်းက မျက်နှာငယ်ခဲ့ရသူလေးပါ။ တစ်နေ့မှာတော့ အစ်မဖြစ်သူကို ကာကွယ်ပေးဖိုအတွက် နာမကျန်းဖြစ်နေတဲ့ ဖိန်ယန် (Pingyang) မင်းသားရဲ့ အိမ်တော်ကို အစားထိုး ပိုဆောင်ခြင်း ခံခဲ့ရပါတယ်။
ရှေ့ဆက်ရမယ့် အနာဂတ်ဟာ မှောင်မိုက်နေပြီလို ထင်မှတ်ထားခဲ့ပေမယ့်... အပြင်ပန်းမှာ အေးစက်စက်နိုင်ပေမယ့် စိတ်သဘောထားပြည့်ဝတဲ့ မင်းသားကြီးနဲ့ နူးညံ့ကြင်နာတတ်တဲ့ မင်းသမီးတိုနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အစပိုင်းမှာ အရာရာကို သတိထားပြီး ကြောက်ရွံနေခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ အားလုံးရဲ့ အကြွင်းမဲ့ချစ်ခင်ယုယမှုကို ရရှိလာတဲ့အခါ... တိုတိုလေးတစ်ယောက် သူမဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တန်ဖိုးထား ဂရုစိုက်ခံရခြင်းရဲ့ နွေးထွေးမှုကို ခံစားလာရပါတော့တယ်။
နှစ်ပေါင်းများစွာ တိတ်ဆိတ်အေးစက်နေခဲ့တဲ့ အိမ်တော်ကြီးဟာလည်း လိမ္မာရေးခြားရှိတဲ့ ဒီကလေးငယ်လေးကြောင့် ပျောက်ဆုံးနေတဲ့ မိသားစုမေတ္တာငွေ့လေးတွေနဲ့ အသက်ဝင် လှုပ်ရှားလာပါတော့တယ်။