ahthet40mihtwaysoe
အသက်(၄၀) မိထွေးဆိုး
အသက် (၄၀) အရွယ် တစ်ခုလပ်အမျိုးသမီး 'ကျိုးမင်ယန်' ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှေးခေတ်အိမ်တော်တစ်ခုက လူတိုင်းရွံရှာတဲ့ "မိထွေးဆိုး" အဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။ ယောက္ခမဖြစ်သူက မယားငယ်ကို လက်ဖက်ရည်ဆက်သခိုင်းသလို၊ ခင်ပွန်းဖြစ်သူကလည်း သူမရဲ့ တင်တောင်းရွှေငွေတွေကိုယူပြီး ချစ်ဦးသူကို သွားကျွေးမွေးထားပါတယ်။ ဒါ့အပြင် ပါလာတဲ့ ကလေးသုံးယောက်ကလည်း သူမကို အရိုးထဲထိ မုန်းတီးနေကြပါသေးတယ်။
လူတိုင်းက သူမ ခေါင်းငုံအရှုးပေးမယ့်အချိန်ကို စောင့်နေကြပေမယ့်... "ငါ့ပိုက်ဆံနဲ့ဝယ်ထားတာ ငါပဲသောက်မယ်၊ ဘာလို မယားငယ်ကို တိုက်ရမှာလဲ?" ဆိုပြီး လက်ဖက်ရည်ခွက်ကို ယူသောက်ချလိုက်ပါတော့တယ်။ အဲ့ဒီနောက်ပိုင်း စာရင်းဇယားတွေ စစ်ဆေးတာ၊ အကြွေးတွေပြန်တောင်းတာ၊ အိမ်တော်ကို စည်းကမ်းပြန်ထုတ်တာကနေစပြီး ခင်ပွန်းသည်ရဲ့ အယုတ်တမာမျက်နှာဖုံးကို ခွာချကာ ကလေးတွေကို ကာကွယ်ပေးတဲ့အထိ... သူမရဲ့ ခေတ်သစ်ဦးနှောက်ကိုသုံးပြီး ကိုယ်ကျိုးရှာ သွေးစုပ်ကောင် တစ်အိမ်လုံးကို တစ်ယောက်ချင်းစီ ရှင်းလင်းပါတော့တယ်။
မိထွေးဆိုးကြီး ကျိုးမင်ယန်တစ်ယောက် အသက်အန္တရာယ်တွေကြားကနေ ဘယ်လိုတွေ ဆက်လက်ရင်ဆိုင် ဖောက်ထွက်မလဲဆိုတာ ကြည့်လိုက်ရအောင်