khitthitletnetnaesongminset
ခေတ်သစ်လက်နက်နှင့်ဆုန်မင်းဆက်
အနာဂတ်ကနေ ရောက်လာတဲ့ လူ (၅) ယောက်ပါဝင်တဲ့ အဖွဲဟာ ချင်းဟယ် (Qinghe) ရွာလေးက သာမန်ရွာသားတွေကို ဦးဆောင်ပြီး သူတိုရဲ့ ကိုယ်ပိုင်အင်အားစုတစ်ခုကို စတင်တည်ဆောက်ခဲ့ပါတယ်။ သူတိုရဲ့ ခေတ်သစ်အသိပညာတွေကို အသုံးချပြီး ရွာခံကာကွယ်ရေးတပ်ဖွဲတွေကို စုစည်းကာ ချင်းဟယ်ရွာကို အသစ်ပြန်လည်တည်ဆောက်ခဲ့တဲ့အတွက် တစ်ချိန်က လူမသိသူမသိဖြစ်ခဲ့တဲ့ ရွာလေးဟာ တဖြည်းဖြည်း တိုးတက်အင်အားကြီးမားလာခဲ့ပါတယ်။
သူတိုရဲ့ နာမည်ဂုဏ်သတင်းက ချင်ကျိုး (Qinzhou) မြိုအထိ ကျော်ကြားလာတဲ့အခါမှာတော့ မဟာဆုန်မင်းဆက် (Great Song) ရဲ့ ဇာတ်ခုံပေါ်ကို တရားဝင် ခြေချလာပါတော့တယ်။ ကိုယ်ပိုင်အခြေခံအုတ်မြစ်ကို တစ်လှမ်းချင်းစီ ခိုင်မာအောင် တည်ဆောက်ရင်း သူတိုတွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် ဆုန်မင်းဆက်ခေတ်ကြီးကလည်း အရင်လို သာမန်ဆက်ဖြစ်နေတော့မှာ မဟုတ်ပါဘူး။
ခေတ်သစ်ဉာဏ်ရည်နဲ့ လက်နက်တွေသုံးပြီး ရှေးခေတ်မှာ ဘယ်လိုတွေ နေရာယူသွားမလဲဆိုတာ ဒီ Season 2 မှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်!